Our Mentor - Mr. Khant Zaw Tun
I am Khant Zaw Tun, also known as Howard. I previously studied at the Yangon University of Education for three years. Currently, I am looking into
the international program for a Bachelor of Arts in Social Sciences and Sustainable Development at Chiang Mai University. I am also an awardee of the Community Service Internship Program of Beam Education Foundation. Additionally, I am volunteering as a coordinator at Sofia Learning Club. In the EduHub organization, I work as a mentor for Myanmar students who are planning to study in Thailand.
ကျွန်တော်နာမည်က ခန့်ဇော်ထွန်း ဖြစ်ပါတယ်။ Howard လို့လည်းခေါ်နိုင်ပါတယ်။ ကျွန်တော်က ရန်ကုန်ပညာရေးတက္ကသိုလ်မှာ ပညာရေးဘွဲ့အတွက် သုံးနှစ်ကြာတက်ရောက်ခဲ့ပြီးတော့ လက်ရှိမှာ ချင်းမိုင်တက္ကသိုလ် နိုင်ငံတကာအစီအစဉ်မှာ လူမှုသိပ္ပံနဲ့ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ဝိဇ္ဇာဘွဲ့အတွက် တက်ရောက်လေ့လာနေပါတယ်။ ဒါအပြင် Beam Education Foundation ကစီစဉ်တဲ့ Community Service Internship Program ရဲ့ ပညာသင်ဆုကိုလည်းရရှိထားပါတယ်။ Sofia Learning Club မှာလည်း Coordinator တစ်ယောက်အနေနဲ့ စေတနာဝန်ထမ်းအဖြစ်ဆောင်ရွက်နေပါတယ်။ EduHub အဖွဲ့အစည်းမှာတော့ ထိုင်းနိုင်ငံမှာ ပညာဆက်လက်သင်ယူဖို့ ကြိုးစားနေတဲ့ မြန်မာကျောင်းသားတွေအတွက် ရည်ရွယ်တဲ့ တိုင်ပင်ဆွေးနွေးမှုကဏ္ဍမှာ mentor တစ်ယောက်အနေနဲ့ လုပ်ဆောင်နေတာဖြစ်ပါတယ်။
အဓိကထား ဆွေးနွေးပေးသွားမည့် အကြောင်းအရာများ
- ကိုယ်တက်ရောက်မယ့် မေဂျာ၊တက္ကသိုလ်ကို မရွေးချယ်ရသေးတဲ့သူတွေအတွက် ကိုယ်နဲ့အဆင်ပြေတဲ့မေဂျာ၊တက္ကသိုလ်ကိုသေချာရှာဖွေနိုင်ဖို့ General Mentoring လုပ်ပေးခြင်း။
- တက္ကသိုလ်ကိုတော့ရွေးထားတယ်၊ဘယ်မေဂျာတက်ရမလဲဆိုတာမရွေးရသေးတဲ့သူတွေအတွက် Education နဲ့ Social Science နယ်ပယ်တွေနဲ့ပတ်သက်ပြီး Major Choosing Mentoring လုပ်ပေးခြင်း။
- တက်မယ့်မေဂျာကိုတော့ရွေးပြီးပြီ၊ဘယ်တက္ကသိုလ်မှာတက်ရမလဲမရွေးချယ်ရသေးတဲ့သူတွေအတွက် University Choosing Mentoring လုပ်ပေးခြင်း။