GED ဆိုတာ ဘာလဲ?

GED ဆိုတာ General Education Development Test တစ်ခုဖြစ်ပြီးတော့ GED Certificate ဟာအထက်တန်းအောင်လက်မှတ်နဲ့ညီမျှတာကြောင့် အထက်တန်းပညာရေးကိုမပြီးဆုံးသေးတဲ့သူတွေ တက်ရောက်သင့်ပါတယ်။ GED မှာ Mathematics,Social Studies,Science,Language Arts ဆိုပြီးအဓိကဘာသာရပ် ၄ ခုပါဝင်ပါတယ်။GED ကိုသက်ဆိုင်ရာ GED Class တွေကနေလေ့လာနိုင်သလို Self-study လုပ်လို့လည်းရပါတယ်။Self-study လေ့လာမယ်ဆိုရင်ပြင်ဆင်ချိန်ကတော့ ၄လ-၆လအထိကြာမြင့်နိုင်မှာ​ဖြစ်ပြီး Study plan လေးဆွဲထားဖို့လိုအပ်ပါတယ်။


GED မဖြေခင် ပြင်ဆင်ထား သင့်သည့်အချက်များ

GED ​ဖြေမယ်ဆိုရင် ပထဦးဆုံး English Intermediate Level လောက်ရှိထားဖို့ လိုအပ်ပါတယ်။ Science Subject တွေလည်း ပါဝင်တာဖြစ်လို့ ၉တန်း ၁၀တန်းစာနဲ့ ရင်းနှီးထားရင် ပိုကောင်းပါတယ်။ အသက်ကန့်သတ်ချက်အနေနဲ့ကတော့ ၁၈နှစ်ပြည့်ပြီးသူဖြစ်ရပါမယ်။ ၁၈နှစ်အောက် ဖြေဆိုသူတွေအနေနဲ့ အနည်းဆုံး အသက် ၁၆နှစ် ရှိရမှာဖြစ်ပြီး မဖြေဆိုခင် Age Exception Waiver Form ကို မိဘ (သို့) အုပ်ထိန်းသူတစ်ဦးက လက်မှတ်ရေးထိုးပြီး help@ged.com ကိုပေးပို့ဖို့လိုအပ်ပါတယ်။ ဆယ့်နှစ်တန်းပညာရေးစနစ်ဖြစ်တာကြောင့် ဆယ့်နှစ်တန်းပညာရေး မပြီးဆုံး သေးတဲ့သူတွေအားလုံး ဝင်ရောက်ဖြေဆိုခွင့် ရှိပါတယ်။ အရေးကြီးဆုံး အချက်အနေနဲ့ကတော့ ကျက်မှတ်တာတွေကိုဖြေဆိုရတာမဟုတ်ဘဲ ကိုယ့်ရဲ့ နားလည်နိုင်စွမ်းနဲ့ ခွဲခြမ်းစိတ်ဖြာပြီး ကောက်ချက်ချနိုင်စွမ်းတွေကို စစ်ဆေးမှာ ဖြစ်ပါတယ်။


GED အမှတ်ပေးစနစ်

အမှတ်ပေးစနစ်ကတော့ တစ်ဘာသာကို ၁၀၀-၂၀၀ အတွင်းဖြစ်ပြီးတော့ စာမေးပွဲအောင်မြင်ဖို့ဆိုရင်ဘာသာရပ်တိုင်းကိုအနည်းဆုံး ၁၄၅ မှတ်ရရှိဖို့လိုပါတယ်။ ၁၆၅-၁၇၄ မှတ်အတွင်း ရရှိရင်တော့ ကောလိပ်တက်ဖို့အတွက်အဆင်ပြေပါတယ်။တစ်ချို့တက္ကသိုလ်တွေမှာဆိုရင် ရမှတ်အပေါ်မူတည်ပြီး ဝင်ခွင့်စာမေးပွဲစတာမျိုးတွေကို ကင်းလွတ်ခွင့်ပေးပါတယ်။ အမှတ် ၁၇၅-၂၀၀ အတွင်းရရှိရင်တော့ ဝင်ခွင့်စာမေးပွဲဖြေစရာမလိုပဲ ကောလိပ်တက်ရောက်ခွင့်ရရှိမှာဖြစ်ပါတယ်။


GED ဖြေဖို့အတွက် ကန့်သက်ချက်များ

  • လက်ရှိကျောင်းတက်နေတဲ့သူမဟုတ်ရပါဘူး။
  • အထက်တန်းမအောင်မြင်သေးတဲ့သူဖြစ်ရပါမယ်။
  • အသက် ၁၈နှစ်ရှိရမှာဖြစ်ပြီး ။အသက် (၁၈)နှစ်အောက် ဖြစ်နေပါက အနည်းဆုံး အသက် (၁၆)နှစ်ပြည့်ပြီးသူဖြစ်ရပါမယ်။ အသက် (၁၆)နှစ် ပြည့်ပြီးသူဆိုပါက စာမေးပွဲဖြေဆိုခွင့်မပြုမီ Age Exception Waiver Form ဖြည့်ပြီး မိဘ (သို့မဟုတ်)အုပ်ထိန်းသူတစ်ဦးက လက်မှတ်ရေးထိုးပြီး help@ged.com သို့ပို့ရန်လိုအပ်ပါသည်။


ဘာသာရပ်အလိုက် ဖြေဆိုရန်ကြာချိန်များ

Social Studies
- 70 minutes
Science
- 90 minutes
Math
- 115 minutes
Language Arts
- 150 minutes


Our Partnership Test Center


KMD Online Test Center (Mandalay)
No. (103/1), 77th Street between 27th and 28th streets;
Chan Aye Tha San Township,
Mandalay.


GED Exam Center

GED exam သည် online testing ဖြစ်သော်လည်း test center တွင်သာသွားရောက်ဖြေဆိုနိုင်မည်ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် test center နှစ်ခုရှိသည်။

Royal Academic Institute
No.275, 3rd Floor,
Red Hill Tower, Pyay Road
Yangon 11111
Myanmar

INSTITUTE OF MANAGEMENT CONSULTANTS MYANMAR CO LTD
Room 6, Building 7, First Floor
Myanmar Info-Tech
Hlaing T/S
Yangon 11052
Myanmar

KMD Online Test Center (Mandalay)
No. (103/1), 77th Street between 27th and 28th streets;
Chan Aye Tha San Township,
Mandalay.


GED Exam Fees

Exam Fees အနေနဲ့ကတော့ တစ်ဘာသာ $80 ကျသင့်မှာဖြစ်ပြီး ဘာသာရပ်လေးခု ဆိုရင် $320 ကျသင့်မှာပါ။ စာမေးပွဲဖြေဆိုတဲ့အခါမှာ Test Centre တွေမှာ Online ကနေတစ်ဆင့် ဖြေဆိုနိုင် ပါတယ်။ ဖြေဆိုမည့်test center အား test center ကြေး 30000 ကျပ်ပေးသွင်းရမည်။


GED Retake Policies

အကယ်၍စာမေးပွဲမှာ ဘာသာရပ်တစ်ခုခုကျရှုံးခဲ့မယ်ဆိုရင် စောင့်ဆိုင်းစရာမလိုဘဲ ကျရှုံးတဲ့ဘာသာရပ်ကို ၂ ကြိမ်တိတိဆက်တိုက် ထပ်မံဖြေဆိုခွင့်ရှိပါတယ်။စုစုပေါင်း ၃ကြိမ်ဖြေဆိုပြီးလို့မှ မအောင်မြင်သေးဘူးဆိုရင်တော့ ရက် ၆၀ စောင့်ဆိုင်းပြီးမှ နောက်တစ်ကြိမ် ထပ်မံဖြေဆိုခွင့်ရရှိမှာဖြစ်ပါတယ်။ ပြန်လည်ဖြေဆိုတဲ့ Retake test အတွက် စာမေးပွဲကြေးတွေက ဖြေဆိုတဲ့ Test Center အလိုက်ကွာခြားချက်ရှိပြီးတော့ Retake test (၂) ကြိမ်အတွက်စာမေးပွဲကြေးကို ပုံမှန်စျေးထက်လျှော့ပေးလေ့ရှိပါတယ်။ဒါပေမဲ့ Discount Price က Retake test(၂)ကြိမ်အတွက်သာအကျုံးဝင်ပြီး နောက်တစ်ကြိမ်ဖြေမယ်ဆိုရင် ပုံမှန်စျေးနဲ့သာဖြေဆိုရမှာဖြစ်ပါတယ်။


Our Courses

Course Duration
GED Foundation Course 6 Months
GED Preparation Course 5 Months
Intakes (2024 - 2025)
March
June
September
December

Admission Process

  • 1 Apply The Program
  • 2 Take Placement Test
  • 3 Pay Tuition Fees

USA Pathways Of GED Diploma


Necessaries For Online Students

  • Phone or Tablet or Laptop
  • Stable Internet Connection
  • Uniform (In-person Student Only)
  • Text Books

Our Insturctor

EDU HUB တွင် စာသင်နှစ်အတွေ့အကြုများစွာရှိသော ဆရာ/ ဆရာမများမှ စေတနာ အရင်းခံပြီး သင်ကြားပြသပေးနေပါသည်။

Tr. Nay Linn Kyaw

Mathematics Teacher

Bachelor Of Education (B.Ed)

Tr. Novel

RLA Teacher

Bachelor of Education (ELT), Diploma in Teacher Education, Certificate in English Proficiency and Teaching Methodology (British Council), Certificate in Education Technology for Higher Education(ETHE) (University of Taxila)

Tr. Hnin Nu Htwe

RLA Teacher

B.Ed.(Eng, Bio, Phy), M.Ed.(Pedagogic Methodology, candidate), 10 years experience of teaching English

Tr. Hanny Hnin Wai Aung

Social Studies

Certificate in Primary Teacher Education (Pakokku Education Degree College)

Tr. Aung Khaw Ti

Social Studies

B.Ed, M.Ed (YUOE)

Tr. Myo Chit Khine

Reasoning Through Language Art

B.Ed (YUOE)

Tr. Aye Myat Myat Moe

Mathematical Reasoning

B.Ed, M.Ed (YUOE)

Tr. Aye Chan Aung

Science

B.Ed (English, Chemistry, Physics)


ကျောင်းသား/သူများ၏ စကားသံများ


Universities that accept GED scores

GED လက်ခံသော ကျောင်းများအားရှာဖွေရန် https://ged.com/en/university-acceptance/

Register Now