ထိုင်းနိုင်ငံကိုဘာကြောင့်ရွှေးချယ်သင့်တာလဲ?

မြန်မာကျောင်းသားများအနေဖြင့် နိုင်ငံခြားပညာရေးလမ်းကြောင်းပေါ် လျှောက်လမ်းတဲ့အခါ အိမ်နီးချင်းနိုင်ငံလည်းဖြစ်၊ ကုန်ကျစရိတ်သက်သာတဲ့အပြင် နိုင်ငံတကာအသိအမှတ်ပြု ဘွဲ့ဒီဂရီတွေကို အခက်အခဲမရှိ လျှောက်ထားခွင့်ပေးနေတဲ့ ထိုင်းနိုင်ငံကို ရွေးချယ်သင့်ပါတယ်။သင်ကြားရေးအပိုင်းမှာလည်း English ဘာသာစကားနှင့် သင်ယူရမှာဖြစ်တဲ့အတွက် English 4 Skills (Intermediate Level) နှင့်အထက်ရှိဖို့နှင့် နေထိုင်သွားလာရေးအဆင်ပြေရန်အတွက် ထိုင်းဘာသာစကားကိုလည်း သင်ယူထားဖို့ လိုအပ်ပါတယ်။


မြန်မာနိုင်ငံရဲ့ အထက်တန်း အောင်လက်မှတ်မရှိသေးတဲ့ ကျောင်းသားများအတွက် ဘွဲ့ကြိုဒီဂရီလျှောက်ထားခြင်း

Undergraduate အတွက် အထက်တန်းအောင်လက်မှတ် မရှိသေးတဲ့ ကျောင်းသားများအနေဖြင့်လည်း အမေရိကန်နိုင်ငံရဲ့ ၁၂တန်းပညာရေးနှင့်ညီမျှတဲ့ GED ဖြင့် တက်ရောက်နိုင်ပါတယ်။ GED ပြင်ဆင်ရာ အနည်းဆုံး အချိန်၄လမှ ၆လအထိ ကြာမြင့်ပါတယ်။ ထိုင်းနိုင်ငံတွင် ဘွဲ့ကြိုဒီဂရီအတွက် ၃နှစ် (သို့မဟုတ်) ၄နှစ် တက်ရောက်ရမှာ ဖြစ်ပါတယ်။ ပညာသင်ဆုအနေနဲ့ကလည်း Switzerland နိုင်ငံအခြေစိုက်ဖြစ်တဲ့ Child Dream Association,Prospect Burma,May Bank တို့ကိုလျှောက်ထားနိုင်ပါတယ်။ဒီပညာသင်ဆုအတွက်ဆိုရင်လည်း GED အပြင် IELTS (or) TOFEL တစ်ခုခု ပြင်ဆင်ထားသင့်ပါတယ်။


ဘွဲ့လွန်ဒီဂရီလျှောက်ထားခြင်း

Postgraduate အတွက်ကတော့ အချိန် ၃နှစ်မှ ၄နှစ်အထိ ကြာမြင့်နိုင်ပါတယ်။ IELTS Band Score 6.5 (သို့မဟုတ်) TOFEL 80 ရှိဖို့ လိုအပ်ပါတယ်။ မိမိရွေးချယ်တက်ရောက်မယ့် တက္ကသိုလ်မူတည်ပြီး ကွာခြားနိုင်ပါတယ်။


Public နှင့် Private တက္ကသိုလ် ကွာခြားချက်များ

နိုင်ငံတကာ Public University တွေဟာ Private University တွေထက် Ranking ပိုပြီးမြင့်တဲ့အပြင် ဝင်ခွင့်လက်ခံရာမှာလည်း ပိုပြီးတင်းကြပ်ကြပါတယ်။ အစိုးရကျောင်းဖြစ်တဲ့အတွက် ပညာရေးစနစ်နှင့် သင်ရိုးညွှန်တမ်းတွေမှာ ပိုမိုပြည့်စုံကောင်းမွန်ကြပြီး ရွေးချယ်သင်ယူစရာ မေဂျာတွေ ပိုမိုစုံလင်လှပါတယ်။ ထိုင်းနိုင်ငံက နာမည်ကြီး Public University တွေဖြစ်တဲ့ Mahidol University ,Chulalongkorn University နှင့် Chiang Mai University စသည် တို့ဖြစ်ကြပြီး ၎င်းတက္ကသိုလ်များကို လျှောက်ဖို့ဆိုလျှင် intake မတိုင်ခင် လေးလမှ ခြောက်လအတွင်း ကြိုတင်လျှောက်ထားမှ ပိုပြီးစိတ်ချရပါတယ်။


ထိုင်းနိုင်ငံမှာ ပညာသင်ယူတဲ့အခါ ကုန်ကျစရိတ်နှင့် ပညာသင်ဆုများ

နိုင်ငံတကာကျောင်းသားများအနေနဲ့ ထိုင်းနိုင်ငံမှာ မိမိတက်ရောက်တဲ့ ကျောင်းအပေါ်မူတည်ပြီး ကျူရှင်လခအနေဖြင့် ပျမ်းမျှအားဖြင့် $17,000 မှ $28,000 အထိကုန်ကျနိုင်ပြီး နေထိုင်စရိတ်အနေနဲ့ကတော့ မိမိနေထိုင်ရာဒေသ၊ မိမိသုံးစွဲမှု ၊ life style အပေါ်မူတည်ပြီး $600 to $1200 အထိကုန်ကျနိုင်ပါတယ်။

လျှောက်ထားနိုင်တဲ့ပညာသင်ဆုများကတော့

  • Child’s Dream Scholarship
  • Prospect Burma Scholarship
  • Daughters Rising
  • Zomia(Student Loan)
  • Brackett Foundation(Partial)
  • University Scholarship(Partial+Full)အစရှိတာတွေပဲ ဖြစ်ပါတယ်။
ဒါ့အပြင် နိုင်ငံတကာမှပေးနေတဲ့ ပညာသင်ဆုများကိုတော့ https://www.scholarshipportal.com › … မှာ အသေးစိတ် ရှာဖွေလို့ရပါတယ်။


ထိုင်းနိုင်ငံမှာ တက္ကသိုလ်လျှောက်ထားတဲ့အခါ အဓိကလိုအပ်ချက်များ

  • filled-in application form.
  • proof of paying the application fee (if applicable)
  • high school diploma (to apply for a Bachelor's)
  • Bachelor's diploma (to apply for a Master's)
  • transcript of records.
  • proof of English proficiency.
  • proof of financial resources (to live and study there)
  • medical certificate
  • passport-sized photo(s)
  • copy of valid passport and/or personal ID
  • letter(s) of recommendation
  • personal statement စသည်တို့ပဲ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံတွင် နိုင်ငံတကာကျောင်းသားများအတွက် အလုပ်လုပ်ပိုင်ခွင့်

ထိုင်းနိုင်ငံအစိုးရရဲ့ ဉပဒေအရ ထိုင်းနိုင်ငံပြင်ပမှ လာရောက်ပညာသင်ယူကြတဲ့ နိုင်ငံတကာ ကျောင်းသူ ကျောင်းသားများကို ကျောင်းတက်နေတဲ့ ကာလအတွင်း Student Visa ကိုင်ဆောင်ပြီး Part Time/Full Time တရားဝင် အလုပ်လုပ်ကိုင်ခွင့် မပေးထားပါ။ ခြွင်းချက်အနေနဲ့ တချို့သော သက်ဆိုင်ရာကျောင်းတွေမှာ “Unpaid Internship” နှင့်အတူ အလုပ်သင်အတွေ့အကြုံရယူနိုင်ပါသည်။ ပညာသင်ယူမှုကာလ ပြီးဆုံးမှသာ အလုပ်ရရှိဖို့ တရားဝင် လျှောက်ထားနိုင်ပြီး Work Visa ဖြင့် ဆက်လက်နေထိုင်နိုင်ခွင့်ရှိပ်တယ်။

EDU HUB တွင်လျှောက်ထားပေးသည့်တက္ကသိုလ်များ