အမေရိကန်ပြည်ထောင်စု USA သည် မြန်မာကျောင်းသားတို့အတွက် ပညာသင်ဆု အခွင့်အလမ်းပေါင်းများစွာအပြင် အကောင်းဆုံး ပညာရေးစနစ်နှင့် ဝင်ငွေကောင်းသော အလုပ်အကိုင်များ ပေါများသည့် နိုင်ငံဖြစ်သည်။


ဘာကြောင့် USA မှာ ပညာသင်ကြားသင့်တာလဲ?

USA နိုင်ငံသည် နိုင်ငံတကာ ကျောင်းသားများအတွက် ကမ္ဘာ့နံပါတ် ၁ ရွေးချယ်သင့်သော နိုင်ငံတစ်နိုင်ငံဖြစ်သည်။ နိုင်ငံအရွယ်အစားနှင့် လူဦးရေအရ ကမ္ဘာ့တတိယအကြီးဆုံးနိုင်ငံဖြစ်သည့်အပြင် Nominal GDP အရ ကမ္ဘာ့အကြီးဆုံးစီးပွားရေးနှင့် နည်းပညာအတိုးတက်ဆုံးများထဲမှ တစ်ခုဖြစ်သည်။

အရည်အသွေးအမြင့်ဆုံး ပညာရေးအဖွဲ့အစည်းများတွင် ခေတ်မီနည်းပညာဆိုင်ရာ အရင်းအမြစ်များစွာဖြင့် သင်ယူလေ့လာနိုင်ပြီး ပညာရေးလမ်းကြောင်းအတွက်လည်း ရွေးချယ်စရာများပြားကာ ထိုအထဲတွင် ပညာရေး အဓိက ဦးစားပေးခြင်း၊ အလုပ်အကိုင် အဓိက ဦးစားပေးခြင်း၊ နှစ်မျိုးလုံးကို သင့်တင့်စွာ ဦးစားပေးခြင်း စသည့် လမ်းကြောင်းများပါဝင်သည်။


Community College များသို့ လျှောက်ထားခြင်း

USA ရှိ Community College များသို့ တက်ရောက်ရန် ကျောင်းလျှောက်ထားခြင်းကို မြန်မာတွင် 2+2 Program ဖြင့် လူသိများသည်။ Community College များသည် တက္ကသိုလ်ကြီးများကဲ့သို့ တခမ်းတနား မဟုတ်သော်လည်း ကုန်ကျစရိတ် အလွန်သက်သာသောကြောင့် ငွေကြေးစိစစ်ချင်သည့် ကျောင်းသားအများစု၏ ရွေးချယ်ရာဖြစ်သည်။

Community College များသို့ လျှောက်ထားရာတွင် GED, IGCSE scores များဖြင့် လျှောက်ထားနိုင်ပြီး ကောလိပ် ၂နှစ်ဖြင့် လုပ်ငန်းခွင် ဝင်နိုင်သလို တက္ကသိုလ် ၂နှစ် ဆက်လက်ပြောင်းတက်ကာ Bachelor Degree ရယူနိုင်သည်။


Ranking မြင့် တက္ကသိုလ်များသို့ တိုက်ရိုက်လျှောက်ထားခြင်း

အမေရိကန်နိုင်ငံတွင် Ivy Leagues University များကဲ့သို့ Ranking မြင့် တက္ကသိုလ်များသို့လည်း တိုက်ရိုက်လျှောက်ထားနိုင်သည်။ အဆိုပါ တက္ကသိုလ်များသည် ဝင်ခွင့်ရရန် ခက်ခဲပြီး ရရှိခဲ့ပါကလည်း ကျောင်းသား၏ တိုးတက်အောင်မြင်မှုအတွက် အခွင့်အလမ်းများစွာရှိသည်။ လျှောက်ထားမည်ဆိုပါက High School Transcripts, SAT/ ACT, Letters of Recommendation, Personal Statement or Essay, Extracurricular Activities, Interview, Application Fee တို့ လိုအပ်သည်။


2+2 Program များအကြောင်း

2+2 Program သည် Associate of Arts သို့မဟုတ် Science (AA/AS) ဘွဲ့အတွက် ပထမနှစ်နှစ်တက်ရောက်ပြီး (+ 2 နှစ်) ကို လေးနှစ်သို့ ပြောင်းလဲတက်ရောက်ခြင်းဖြင့် Bachelor's Degree ရရှိနိုင်သော လမ်းကြောင်းတစ်ခုဖြစ်သည်။


မြန်မာ (၁၀)တန်း အောင်လက်မှတ်ဖြင့် လျှောက်ခြင်း

မြန်မာနိုင်ငံ၏ အစိုးရပညာရေး (၁၀)တန်း အောင်မြင်ထားသူများသည် IGCSE, SAT စသည့် Scores များ ဖြေဆိုရန် မလို၊ မြန်မာနိုင်ငံရှိ အမေရိကန်ကျောင်းများတွင် ဘာမှထပ်ပြင်ဆင်စရာမလိုဘဲ အမေရိကန် တက္ကသိုလ်များ၏ ပထမနှစ်နှင့် ညီမျှသော Pathway Program များသို့ ဦးစွာလျှောက်ထားကာ တက်ရောက်နိုင်သည်။

ထို့ Program မှတဆင့် တက္ကသိုလ် ဒုတိယနှစ်၊ တတိယနှစ်နှင့် စတုတ္ထနှစ်တို့အထိ ဆက်လက်တက်ရောက်နိုင်ပြီး ဘွဲ့ယူနိုင်ပါသည်။ သို့သော် တက္ကသိုလ်တိုင်းတွင်တော့ Pathway Programs များ မရှိပါ။


GED/A-level/SAT/ACT Program များဖြင့် လျှောက်ထားခြင်း

မြန်မာကျောင်းသားများ အနေဖြင့် USA နိုင်ငံတွင် အောက်ပါအသိအမှတ်ပြု Qualifications များဖြင့်လည်း ကျောင်းလျှောက်ထားနိုင်သည်။

မြန်မာအစိုးရပညာရေး စနစ်ဟောင်း (၁၀)တန်း အောင်မြင်ပြီးသူများ၊ သို့မဟုတ် စနစ်သစ် (၁၂)တန်း မ‌အောင်သေးသော ကျောင်းသားများအတွက် အမေရိကန်ပြည်ထောင်စု၏ အထက်တန်းအောင်လက်မှတ်နှင့် ညီမျှသော GED လက်မှတ်။

အချို့တက္ကသိုလ်များတွင်မူ မြန်မာ (၁၂)တန်း အောင်လက်မှတ်ရှိရုံဖြင့် မလုံလောက်ဘဲ မိမိလျှောက်ထားသော Program ပေါ် မူတည်၍လည်း A-Level, SAT, ACT များဖြင့် ကျောင်းလျှောက်ထားနိုင်သည်။


ဘွဲ့လွန်ဒီဂရီ များ အတွက် ကျောင်းလျှောက်ထားခြင်း

မြန်မာနိုင်ငံတွင် ဘွဲ့တစ်ခုခုရရှိထားပြီး USA တွင် ဘွဲ့လွန်ဒီဂရီ (Master's Degree) ဆက်လက်တက်ရောက်လိုပါက GMAT (သို့) GRE scores တို့ လိုအပ်သည်။ အချို့တက္ကသိုလ်များတွင် Pre-Master's Programs များ သင်ကြားပို့ချပေးသည့်အတွက် ထိုတက္ကသိုလ်များတွင် ကျောင်းလျှောက်လျှင်မူ GMAT/ GRE Scores များ မလိုအပ်ပေ။


ကုန်ကျစရိတ်နှင့် ပညာသင်ဆု အခွင့်အလမ်းများ

USA တွင် ကုန်ကျစရိတ်သည် မိမိနေထိုင်သော မြို့နယ်ဒေသအပေါ်တွင် များစွာမူတည်သည်။ အခြေခံလိုအပ်ချက်များဖြစ်သော အစားအသောက်နှင့် လူသုံးကုန်များသည် ဈေးနှုန်းသင့်တင့်ကာ ဝယ်ယူရလွယ်ကူသည်။ USA တွင် အရွယ်ရောက်ပြီးသား လူတစ်ဦး၏ ပျှမ်းမျှ နေထိုင်မှုကုန်ကျစရိတ်သည် Tuition Fees များမပါဘဲ US $3,100 ခန့်ရှိသည်။ အချို့သော နေရာဒေသများတွင်မူ မြို့ကြီးများတွင် နေထိုင်သော ကုန်ကျစရိတ်သည် မြို့ငယ်များတွင် နေထိုင်သော ကုန်ကျစရိတ်ထက် ပိုမိုများပြားနိုင်သည်။

ထို့အပြင် ကုန်ကျစရိတ်ကို ပိုမိုသက်သာစေမည့် Scholarship များစွာကို International Students များအတွက် ပေးအပ်လျက်ရှိသည်။

တက္ကသိုလ်များမှပေးသည့် University Scholarship, အစိုးရမှပေးသည့် Government Scholarship, Private Organizations များမှပေးသည့် Scholarship, နိုင်ငံအလိုက်၊ မြို့အလိုက် သီးသန့်ပေးသည့် Country-Specific Scholarship, သိပ္ပံ၊ အင်ဂျင်နီယာ၊ နည်းပညာနှင့် သင်္ချာကျောင်းသားများအတွက် STEM Scholarship, အားကစားထူးချွန်သူများအတွက်ပေးသည့် Sports Scholarship, Community College များမှပေးသည့် Scholarship, Work-Study Program များမှပေးသည့် Scholarship စသဖြင့် များပြားလှစွာသော ပညာသင်ဆု အခွင့်အလမ်းများကို မြန်မာကျောင်းသားတို့ ရယူနိုင်ပါသည်။


Student Visa လိုအပ်ချက်များ

USA နိုင်ငံတွင် ကျောင်းတက်ရန် Student Visa လျှောက်ရာတွင် အထွေထွေလိုအပ်သော အချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

  • USA သို့ သွားရောက်ရန် အနည်းဆုံး (၆) လ သက်တမ်းရှိသည့် Passport
  • Nonimmigrant Visa Application, Form DS-160 confirmation page
  • Application fee payment receipt, 185$
  • ဓာတ်ပုံ။

လိုအပ်သော ပညာရေးဆိုင်ရာနှင့် အခြားစာရွက်စာတမ်းများမှာ အောက်ပါအတိုင်းဖြစ်သည်။

  • Transcripts, Diplomas, Degrees သို့မဟုတ် မိမိတက်ရောက်သောကျောင်း၏ Certificates များ၊
  • USA တွင် မိမိလျှောက်ထားသော ကျောင်းမှ လိုအပ်ချက်ဖြစ်သည့် Standardized Test Scores များ၊
  • Financial Support ပေးမည့် မိဘ (သို့မဟုတ်) တရား၀င် အုပ်ထိန်းသူ၏ ၀င်ငွေအထောက်အထား။

USA နိုင်ငံတွင် ပညာသင်ယူခြင်း၊ ကျောင်းလျှောက်ထားခြင်း၊ Student Visa လျှောက်ထားခြင်းများနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက EDU Hub သို့ တိုက်ရိုက်ဆက်သွယ် မေးမြန်းနိုင်ပါသည်။