YLE ဆိုတာ ဘာလဲ?

YLE (Young Learners English) သည် Young learner များအတွက် Cambridge မှ စစ်ဆေးသည့် English စာ အရည်အသွေး သတ်မှတ်ချက်ဖြစ်သည်။ YLE တွင် အသက် ၇နှစ်အရွယ်မှ ၁၂ အရွယ်အထိ ကလေးငယ်များ အင်္ဂလိပ်စာတွင် ပိုမိုတိုးတက်လာရန် ဦးစားပေးထားပြီး Starters, Movers, Flyers ဆိုသည့် Level သုံးဆင့်ရှိသည်။


YLE ၏ Levels များ

Starters: အခြေခံ Vocabulary များနဲ့ Simple Sentence များကို တည်ဆောက်ကာ Foundation စတင်ခြင်း အဆင့်။

Movers: အလယ်အလတ်အဆင့် Vocabulary များနှင့် ပိုမိုခက်ခဲလာသော စာကြောင်းများအပြင် Reading နှင့် Writing ကိုပါ စတင်လေ့လာရမည့် အဆင့်။

Flyers: Reading, Writing, Listening နှင့် Speaking များတွင် ကျွမ်းကျင်လာပြီး ရှုပ်ထွေးသော စာကြောင်းများကိုလည်း နားလည်နိုင်အောင် သင်ယူရမည့်အဆင့်။


YLE ကို တက်ရောက်သင့်သူများ

အသက် ၇နှစ်မှ ၁၂ နှစ်အတွင်းရှိ အင်္ဂလိပ်စာကို ကျွမ်းကျင်ပိုင်နိုင်လိုသူ ကလေးငယ်တိုင်း တက်ရောက်သင့်ပါသည်။ ထို့အပြင် အစိုးရကျောင်းကို အချိန်ပြည့်တက်ပြီး တစ်ဖက်ကလည်း အင်္ဂလိပ်စာစွမ်းရည်ကို ထူးကဲသာလွန်စွာ တိုးတက်ချင်သည်ဆိုလျှင် YLE ကို ငယ်စဥ်ကတည်းက တက်ရောက်သင့်ပါသည်။


YLE Exam ဖြေဆိုရန် ကြိုတင်လေ့ကျင့်ခြင်း

YLE တက်ရောက်သူ ကျောင်းသားကလေးငယ်သည် English နှင့် ပုံမှန် Practice ရှိရန် လိုအပ်သည်။ Sample Papers နှင့် Exercises များကို ရှာဖွေပြီး ကလေး၏အရည်အချင်း တိုးတက်စေရန် လေ့ကျင့်မှုရှိရမည်။

ထို့အပြင် English Language ကို လက်တွေ့အသုံးပြုသည့် ပတ်ဝန်းကျင်ကို ဖန်တီးပေးရန်လိုအပ်သည်။ အိမ်တွင် အင်္ဂလိပ်စကားဖြင့် ပြောဆိုခြင်း၊ ရုပ်ရှင်နှင့် သီချင်းများကို အင်္ဂလိပ်ဘာသာစကား ဦးစားပေးကာ ကြည့်ရှုနားထောင်ခြင်းတို့ ပြုလုပ်ပေးရန် လိုအပ်သည်။


YLE တက်ခြင်း၏ အကျိုးကျေးဇူးများ

ငယ်ရွယ်စဥ်မှာတက်ရခြင်းကြောင့် ကလေးငယ်များသည် ဘာသာစကား သင်ယူမှုစွမ်းရည် ပိုမိုမြင့်မားကာ မိမိကိုယ်မိမိ ပိုမိုယုံကြည်ချက်ရှိလာပါမည်။ English ဘာသာစကားတွင် ပိုမိုကျွမ်းကျင်လာမှာဖြစ်ပြီး ပညာရေးပိုင်းဆိုင်ရာ အခွင့်အလမ်းကောင်းများကိုလည်း ပိုင်ဆိုင်လာနိုင်ပါသည်။

ထို့အပြင် စဥ်းစားတွေးခေါ်နိုင်စွမ်းကိုပါ မြှင့်တင်ပေးခြင်းကြောင့် Problem Solving Skills, Teamwork Skills နှင့် Social Skills များလည်း တိုးတက်လာပါလိမ့်မည်။ သက်တူရွယ်တူများကြားတွင် အင်္ဂလိပ်စာကို ခေါင်းမော့ရင်ကော့ကာ ပြုမူပြောဆိုလာနိုင်ပါလိမ့်မည်။


YLE တက်ပြီးသည့်အခါ

YLE classes များ တက်ရောက်ပြီးသည့်အခါ သက်ဆိုင်ရာ Level အလိုက် အရည်အချင်းစစ် စာမေးပွဲကို ဖြေဆိုနိုင်ပါသည်။ စာမေးပွဲအောင်သူများသည် University of Cambridge (UK) မှ ပေးအပ်သည့် Certificate ကို ရရှိမှာဖြစ်သည်။ YLE အဆင့်ဆင့် ဖြေဆိုပြီးသည့် ဆယ်ကျော်သက်အရွယ် ကျောင်းသားများသည် KET, PET, FEC စည်သည့် အတန်းများကို ဆက်လက်တက်ရောက်ကာ English စာ လေ့လာနိုင်ပါသည်။


--------------

EDU HUB တွင် ကလေးငယ်တို့၏ အနာဂတ် ပိုမိုတောက်ပကာ အခွင့်အလမ်းကောင်းများ ရယူနိုင်စေရန် YLE အတန်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါသည်။