IGCSE ဆိုတာ ဘာလဲ?

IGCSE သည် International General Certificate of Secondary Education ၏ အတိုကောက် အခေါ်ဝေါ်ဖြစ်သည်။ UK နိုင်ငံ၏ GCSE ကဲ့သို့ပင် အင်္ဂလိပ် ဘာသာစကားကို အခြေခံသည့် နိုင်ငံတကာ အသိအမှတ်ပြု Qualification တစ်မျိုးဖြစ်သည်။


IGCSE Exam Board များ အကြောင်း

IGCSE တွင် Main Exam Boards နှစ်ခုရှိသည်။ Cambridge Assessment International Education နှင့် Pearson Edexcel တို့ ဖြစ်သည်။ IGCSE Exam Boards များသည် ကျောင်းသားများ၏ အရည်အချင်းပြည့်မီမှုကို စစ်ဆေးမှာဖြစ်ပြီး Exam Papers ထုတ်ခြင်း၊ အမှတ်ပေး အကဲဖြတ်ခြင်း၊ အဆင့်သတ်မှတ်ခြင်းများ ပြုလုပ်မည်ဖြစ်သည်။ IGCSE တက်ရောက်သူများသည် Exam Board နှစ်ခုထဲမှ မိမိအတွက် သင့်တော်သည့် Exam Board ကို ရွေးချယ်ဖြေဆိုနိုင်သည်။

Exam Boards များ၏ ကွာခြားချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

  • မတူညီသော Organizations များဖြစ်ခြင်း၊
  • Qualifications အချို့ ကွဲပြားမှုရှိခြင်း၊
  • သင်ယူရမည့် ဘာသာရပ်အချို့ ကွဲပြားမှုရှိခြင်း၊
  • အကဲဖြတ်မှုပုံစံ ကွဲပြားမှုရှိခြင်းတို့ ဖြစ်သည်။

ထိုသို့ ကွာခြားချက်များရှိသော်လည်း Board နှစ်ခုလုံး၏ Qualifications တွေကို နိုင်ငံတကာ တက္ကသိုလ်နှင့် ကောလိပ်များက အသိအမှတ်ပြု လက်ခံလျက်ရှိသည်။


IGCSE ၏ Level များ

IGCSE တွင် O Level (Ordinary Level), A Level (Advanced Level) ဟုခေါ်သည့် အဓိက Level နှစ်ခုရှိသည်။ ထို့အပြင် မြန်မာနိုင်ငံက IGCSE ကျောင်းများတွင် မြန်မာကျောင်းသားတို့ IGCSE အကြောင်း ပိုမိုနားလည်သိရှိပြီး ကျွမ်းကျင်နိုင်စေဖို့ Pre IGCSE or IGCSE Foundation Level ကိုလည်း သင်ကြားပေးလျက်ရှိသည်။

Pre IGCSE or IGCSE Foundation Level ကို အသက် ၁၂ သို့မဟုတ် အစိုးရပညာရေး ၇တန်း ပြီးမြောက်အောင်မြင်ထားသူများ တက်ရောက်နိုင်ပြီး IGCSE အကြောင်း အခြေခံမှစတင် သင်ကြားရမည်ဖြစ်သည်။ Pre IGCSE အတွက် ကြာချိန်သည် ပျှမ်းမျှ ၈လမှ ၁၀လ ဝန်းကျင်ဖြစ်သည်။

O Level (Ordinary Level) သည် လက်ရှိ မြန်မာနိုင်ငံတွင် နိုင်ငံခြားသို့ ကျောင်းသွားတက်ရန် ပြင်ဆင်နေသူများကြား ရေပန်းစားလျက်ရှိသည့် Level တစ်ခုဖြစ်ပြီး ကြာချိန်သည် အနည်းဆုံး ၁၂လမှ ၂၄လ (၁နှစ်မှ ၂နှစ်) ဝန်းကျင် ကြာမြင့်နိုင်သည်။

IGCSE တွင် အမြင့်ဆုံးဖြစ်သည့် A Level သည် ကျောင်းသားများအတွက် ပညာရေးပိုင်းနှင့် အလုပ်အကိုင်ပိုင်းအတွက် အခွင့်အလမ်းအများဆုံး Level တစ်ခုဖြစ်ပြီး တက်ရောက်ပါက ပျှမ်းမျှ ၂၄ (၂ နှစ်) ဝန်းကျင် ကြာမြင့်မည်ဖြစ်သည်။


IGCSE O Level မတက်ခင် ဘာတွေကြိုပြင်ဆင်ရမလဲ?

IGCSE O Level မတက်ခင်မှာ IGCSE Curriculum ကို သေချာနားလည်နိုင်ဖို့နဲ့ သင်ကြားရမယ့် ဘာသာရပ်များ၊ ဖြေဆိုရမယ့် စာမေးပွဲပုံစံများအကြောင်းကို ကြိုတင်လေ့လာသိရှိနိုင်မယ့် Pre IGCSE or IGCSE Foundation Level ကို တက်ရောက်သင့်သည်။

ထို့အပြင် Goal တစ်ခုထားခြင်း၊ လိုအပ်သော Textbooks, Work Books နှင့် Study Guides များ ဝယ်ယူခြင်း၊ စာလေ့လာချိန် သတ်မှတ်ခြင်း၊ ပြင်ပမှ အချက်အလက်များကို စောင့်ကြည့်ပြီး အမြဲလေ့လာသင်ယူခြင်း၊ ဆရာ ဆရာမများနှင့် ပွင့်လင်းစွာ ပြောဆိုသင်ယူခြင်းတို့ကို ပြုလုပ်ရမည်ဖြစ်သည်။


စာမေးပွဲပုံစံနှင့် ဘာသာရပ်များအကြောင်း

IGCSE တွင် ဘာသာရပ်ပေါင်း ၇၀ကျော်ရှိပြီး ကျောင်းသားတစ်ဦးလျှင် အနည်းဆုံး ၅ဘာသာမှ အများဆုံး ၁၄ဘာသာအထိ ရွေးချယ်နိုင်သည်။ IGCSE တွင် ရှိသည့် ဘာသာရပ်များကို အုပ်စုခွဲလျှင် အောက်ပါအတိုင်းဖြစ်သည်။

  • Languages
  • Humanities and social sciences
  • Sciences
  • Mathematics
  • Professional and creative

ဘာသာရပ်များ ရွေးချယ်သည့်အခါ English, Science နှင့် Math တို့ ပါဝင်သည့် ဘာသာရပ်အတွဲ ဖြစ်ရမည်။ ထို့နောက် မိမိရွေးချယ်ထားသည့် ဘာသာရပ်များကို Exam Board များ အလိုက် သတ်မှတ်ထားသည့် အချိန်အတွင်း သတ်မှတ်ထားသည့် မေးခွန်းများအတိုင်း ဖြေဆိုရမှာဖြစ်သည်။


Grade သတ်မှတ်ချက်များ

Exam ဖြေဆိုပြီးနောက် ကျောင်းသားများသည် Grade A* မှ G အထိ အဆင့်သတ်မှတ်ချက်များ ရနိုင်သည်။
Grade 9 - 7 = A* - A
Grade 6 - 4 = B - C
Grade 3 - 2 = D - G

Grade C သည် အောင်မှတ်ဖြစ်ပြီး နိုင်ငံခြားတွင် ကျောင်းတက်ရန် ရည်ရွယ်ချက်ရှိပါက Grade B နဲ့အထက် ဖြေဆိုအောင်မြင်နိုင်ရန် လိုအပ်သည်။ ဖြေဆိုသူသည် မိမိရလဒ်ကို စိတ်တိုင်းမကျပါက နောက်ထပ် Exam Intake များတွင် ထပ်မံဖြေဆိုနိုင်သည်။


Exam Intakes

IGCSE ဖြေဆိုရန် Exam Boards အလိုက် Exam Dates များမှာ အောက်ပါအတိုင်းဖြစ်သည်။

Cambridge Assessment International Education (CAIE) Exam Intake - Oct/ Nov 2023
Pearson Edexcel Exam Intake - Nov 2023

ရန်ကုန်နှင့် မန္တလေးမြို့ရှိ British Council များတွင် အထက်ပါ စာမေးပွဲများကို ဖြေဆိုရမှာဖြစ်ပြီး ဖြေဆိုပြီး ခြောက်ပတ်အကြာတွင် ရလဒ်များကို Online မှတဆင့် အရင်တင်ပြီးနောက်မှ Printed Copy ကို ပို့ပေးမှာဖြစ်သည်။


Exam Fees

IGCSE စာမေးပွဲကြေးသည် Exam Boards ‌ပေါ် မူတည်၍ လည်း ကွဲပြားသွားသည်။ CAIE အတွက် 200$ ဝန်းကျင်နှင့် Pearson အတွက် 100$ ဝန်းကျင် ကျသင့်နိုင်သည်။


ဘာကြောင့် IGCSE ကို ရွေးချယ်သင့်တာလဲ?

မြန်မာနိုင်ငံက ကျောင်းသားတို့ IGCSE ကို ရွေးချယ်သင့်တဲ့ အကြောင်းပြချက်များမှာ များပြားလှသည်။ နိုင်ငံတကာ အဆင့်မြင့် တက္ကသိုလ်များသို့ ဝင်ခွင့်လျှောက်ထားနိုင်ခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းများ ပေါများခြင်း၊ ကမ္ဘာတစ်ဝှမ်းမှ အသိအမှတ်ပြုခြင်း၊ မိမိ စိတ်ဝင်စားမှုအလိုက် ရွေးချယ်လေ့လာပြီး သင်ယူစရာ ဘာသာရပ် များပြားခြင်း၊ Language Skills တိုးတက်ခြင်းတို့အပြင် Personal Development အတွက်ပါ အကျိုးရှိသည့်အတွက် IGCSE ကို ရွေးချယ်သင့်ပါသည်။


ဆက်လက်လေ့လာသင်ယူနိုင်မည့် တက္ကသိုလ်နှင့် နိုင်ငံများစာရင်း

အောက်ပါနိုင်ငံများသည် IGCSE Qualifications များကို အသိအမှတ်ပြုထားသည်။

  • Australia
  • Canada
  • Germany
  • India
  • Indonesia
  • Malaysia
  • New Zealand
  • Pakistan
  • Republic of Ireland
  • Singapore
  • South Africa
  • Spain
  • The Netherlands
  • Thailand
  • UK
  • USA
  • Vietnam

အထက်ပါနိုင်ငံများတွင် IGCSE Qualifications ဖြင့် တက်ရောက်နိုင်သော တက္ကသိုလ်များစွာရှိပြီး မြန်မာကျောင်းသားများနှင့် ရင်းနှီးသော အချို့တက္ကသိုလ်ကြီးများမှာ အောက်ပါအတိုင်းဖြစ်သည်။

ထိုင်းနိုင်ငံရှိ တက္ကသိုလ်ကြီးများ

  • Assumption University
  • CMKL University
  • Council of University Presidents Thailand
  • King Mongkut's Institute of Technology
  • Mae Fah Luang University
  • Mahanakorn University
  • Mahidol University International College
  • Rangsit University
  • Stamford University
  • Webster University

အနောက်နိုင်ငံများမှ တက္ကသိုလ်ကြီးများ

  • University of Cambridge
  • University of Oxford
  • Harvard University
  • University of Toronto
  • University of Sydney
IGCSE ရွေးချယ်ဖြေဆိုပြီး အောင်မြင်သော ပညာရေးလမ်းကြောင်းများ လျှောက်လှမ်းနိုင်စေရန် EDU Hub သည် အဘက်ဘက်မှ ကူညီလမ်းပြပေးလျက်ရှိပါသည်။