IELTS ဆိုတာ ဘာလဲ?

IELTS (International Language Testing System)က ကိုယ့်ရဲ့အင်္ဂလိပ်ဘာသာစကားတတ်ကျွမ်းမှုကို စစ်ဆေးတဲ့ English Proficiency Test တွေဖြစ်ပြီး တစ်ခါဖြေပြီးရင် နှစ်နှစ်ထိဘဲ တရားဝင်အသုံးပြုလို့ရပါတယ်။ IELTS ကို British Council, IDP:IELTS Australia နဲ့ Cambridge Assessment English စတဲ့အဖွဲ့အစည်းတွေကပူးတွဲပိုင်ဆိုင်ပြီး 1980ခုနှစ်မှာစတင်ခဲ့တာဖြစ်ပါတယ်။ IELTSကို ကမ္ဘာတစ်ဝှမ်းနိုင်ငံပေါင်း140နိုင်ငံမှာရှိတဲ့ တက္ကသိုလ်ပေါင်း 10,000ကျော်က လက်ခံထားပါတယ်။IELTS ဟာ International Examဖြစ်တာကြောင့် American English နဲ့ British English တစ်မျိုးမျိုးကို အသုံးပြုနိုင်ပြီး British Englishကို ဖြေဆိုသူတွေအများဆုံး အသုံးပြုကြပါတယ်။


IELTSကိုဘယ်လိုရွေးချယ်ဖြေဆိုသင့်လဲ ?

ဒီအချက်မှာတော့ ကိုယ်က ဘယ်ကျောင်းလျှောက်ချင်တာလဲ။ဘယ်နိုင်ငံကကျောင်းကိုလျှောက်မှာလဲ။ ကိုယ်လျှောက်မယ့်ကျောင်းက ဘယ်လက်မှတ်တောင်းတာလဲဆိုတဲ့ အချက်တွေအပြင် ကိုယ်က British English အားသန်တာလား ဒါမှမဟုတ် American Englishအားသန်တာလား စတဲ့အချက်တွေကိုပါထည့်သွင်းစဥ်းစားဖို့လိုပါတယ်။ ကိုယ်က American Englishလည်းအားသန်တယ် ကိုယ်လျှောက်ချင်တဲ့ကျောင်းကလည်း US ဒါမှမဟုတ် Canada ကကျောင်းတွေဆိုရင်တော့ TOEFL ရွေးချယ်ဖြေဆိုတာကလည်းအားသာချက်တစ်ခုဖြစ်လာမှာပါ။IELTSနဲ့TOEFLမှာဘယ်ဟာကပိုကောင်းတယ်ဆိုတာမရှိတာကြောင့်မလို့ ကိုယ်​ဖြေဆိုချင်တဲ့Typeကိုဖြေဆိုလို့ရပါတယ်။IELTS နဲ့ TOEFL နှစ်မျိုးလုံးက Thinking ပိုင်းနဲ့ Problem Solvingပိုင်းတွေကို နှစ်သက်ကြပါတယ်။ IELTS မှာတော့ ဖြေဆိုသူတွေကကွဲပြားခြားနားတဲ့မေးခွန်းပုံစံတွေကိုဖြေဆိုရမှာဖြစ်လို့Memoryကိုပိုပြီးအသုံးပြုရမှာဖြစ်ပါတယ်။ကျယ်ပြန့်တဲ့မေးခွန်းပုံစံတွေအပေါ်မှာ ကိုယ့်ရဲ့နားလည်မှုစွမ်းရည်နဲ့ဖြေဆိုရမှာဖြစ်ပါတယ်။


အသက်ကန့်သတ်ချက်ရှိလား ? ဘယ်အရွယ်ကစပြီးဖြေလို့ရလဲ ?

IELTS အတွက် သတ်မှတ်ထားတဲ့ အသက်ကန့်သတ်ချက်တော့မရှိပါဘူး။ ဘယ်အရွယ်မဆိုဖြေလို့ရတယ်ဆိုပေမယ့် 16နှစ်နဲ့အထက်မှဖြေဆိုဖို့ Recommendလုပ်ထားပါတယ်။


Question Typesတွေဘယ်လိုရှိလဲ?

IELTS မွေးခွန်းတွေမှာတော့ short answer, gap-filling နဲ့ short essay tasks တွေလိုမျိုး မေးခွန်းပုံစံအမျိုးမျိုးကိုဖြေဆိုရမှာဖြစ်ပါတယ်။


Two Types Of IELTS

IELTS မှာ Academic IELTS နဲ့ General Training IELTSဆိုပြီး နှစ်မျိုးရှိပါတယ်။ Academic IELTS ကEnglish Speaking Countriesတွေမှာ ကျောင်းတက်ဘွဲ့ယူမယ့်သူတွေအတွက်သင့်တော်ပါတယ်။ General Training IELTSကတော့ English Speaking Countriesတွေမှာအလုပ်သွားလုပ်မယ့်သူ Work Purposeအတွက်သွားမယ့်သူတွေအတွက်သင့်တော်ပါတယ်။ IELTSဖြေဆိုရာမှာ Paper Based ဒါမှမဟုတ် Computer Based နှစ်သက်ရာတစ်မျိုးမျိုးနဲ့ဖြေဆိုလို့ရပါတယ်။


Exam Structure of IELTS

Speaking

  • IELTSမှာSpeaking ပိုင်းကို Examinerနဲ့ Face to Faceဖြေဆိုရမှာ ဖြစ်ပါတယ်။ IELTSမှာတော့ Accentsအမျိုးမျိုးနဲ့မေးနိုင်ပါတယ်။
Writing
  • IELTSရဲ့ Writingဖြေဆိုရာမှာ Sectionနှစ်ခုစီရှိပါတယ်။IELTSမှာဆိုရင် ပေးထားတဲ့ Chart တွေ Tableတွေကိုကြည့်ပြီးအချက်အလက်တွေပြန်ရေးပေးရတဲ့ Report Writing နဲ့ စကားလုံး 200-250-250 ရှိတဲ့ Essay Writing ပုံစံတို့ဖြစ်ပါတယ်။
Reading
  • IELTSရဲ့Readingမှာတော့ ကိုယ့်ရဲ့ကျယ်ပြန့်တဲ့ စာဖတ်စွမ်းရည်ကို စမ်းသပ်ဖို့ ထုတ်ထားတဲ့ မေးခွန်း ၄၀ ပါဝင်မှာဖြစ်ပြီးအတိုချုံးဖတ်ခြင်း၊ အဓိက အတွေးအမြင်တွေကို ဖတ်ရှုခြင်း၊ အသေးစိတ်အတွက် ဖတ်ရှုခြင်း၊စာရေးဆရာရဲ့ထင်မြင်ချက်ယူဆချက်တွေအပြင်အခြားအကြောင်းအရာမေးခွန်းအမျိုးမျိုးလာနိုင်ပါတယ်။
Listening
  • IELTS listening taskမှာတော့ Accentအမျိုးမျိုးကြားရနိုင်ပြီး မတူညီတဲ့ Question Typesအမျိုးမျိုးကို နားထောင်နေစဥ်အတွင်းဖြေဆိုသွားရမှာဖြစ်ပါတယ်။ IELTSကို 3နာရီခန့်ကြာဖြေဆိုရမှာဖြစ်ပါတယ်။


IELTS ရဲ့ band scoreများ

IELTS....... ...0 to 9ဆိုပြီးMaximumသတ်မှတ်ထားပါတယ်။


စာမေးပွဲရလဒ်ဘယ်အချိန်သိရမှာလဲ ?

ဖြေဆို ပြီး 13 ရက်အကြာမှာသိရမှာဖြစ်ပါတယ်။


စာမေးပွဲစစ်ဆေးတဲ့ကာလ

IELTSကို တစ်နှစ်ပတ်လုံးစစ်ဆေးနေမှာဖြစ်ပြီး ကိုယ်အဆင်သင့်ဖြစ်တဲ့အချိန်ဝင်ဖြေဆိုလို့ရပါတယ်။


Exam Feeဘယ်လောက်ပေးရမှာလဲ?

IELTSအတွက်ကတော့ $225 ဝန်းကျင်ဖြစ်ပြီး၊IELTS Exam Feeက အမြဲပြောင်းလဲနေပြီး နှစ်မျိုးစလုံးရဲ့ Feeက ဒေါ်လာတန်ဖိုးနဲ့လိုက်ပြီးပြောင်းလဲနိုင်ပါတယ်။


IELTSကိုဘယ်နေရာတွေမှာဖြေဆိုလို့ရလဲ?

IELTSကို British Council(YGN & Mandalay)နဲ့ Chindwin စတဲ့ Test Centerတွေမှာသွားရောက်​ဖြေဆိုလို့ရပါတယ်။ IELTSကိုဖြေဆိုတော့မယ်ဆိုရင် သက်ဆိုင်ရာLinkတွေကနေတစ်ဆင့် Registration ကြိုတင်လုပ်ထားဖို့တော့လိုပါတယ်။


IELTS Foundation Online Class

  • Duration - 6 weeks
  • Fees - 35000 MMK
  • Platforms - Zoom + Discord



Register Now