ဒီနေ့တော့ IELTS နဲ့ TOFELဘာတွေကွာလဲဆိုတာကိုပြောပြပေးသွားပါမယ်။
IELTS (International Language Testing System) နဲ့ TOEFL (Test of English as a Foreign Language) နှစ်မျိုးစလုံးက ကိုယ့်ရဲ့အင်္ဂလိပ်ဘာသာစကားတတ်ကျွမ်းမှုကို စစ်ဆေးတဲ့ English Proficiency Test တွေဖြစ်ပြီး တစ်ခါဖြေပြီးရင် နှစ်နှစ်ထိဘဲ တရားဝင်အသုံးပြုလို့ရပါတယ်။
IELTS ကို British Council, IDP:IELTS Australia နဲ့ Cambridge Assessment English စတဲ့အဖွဲ့အစည်းတွေကပူးတွဲပိုင်ဆိုင်ပြီး 1980ခုနှစ်မှာစတင်ခဲ့တာဖြစ်ပါတယ်။ IELTSကို ကမ္ဘာတစ်ဝှမ်းနိုင်ငံပေါင်း140နိုင်ငံမှာရှိတဲ့ တက္ကသိုလ်ပေါင်း 10,000ကျော်က လက်ခံထားပါတယ်။IELTS ဟာ International Examဖြစ်တာကြောင့် American English နဲ့ British English တစ်မျိုးမျိုးကို အသုံးပြုနိုင်ပြီး British Englishကို ဖြေဆိုသူတွေအများဆုံး အသုံးပြုကြပါတယ်။
TOEFL ကို USအခြေစိုက် Education Testing Service အဖွဲ့အစည်းက စီမံခန့်ခွဲပြီး American English နဲ့ စစ်ဆေးပါတယ်။ TOEFLကိုတော့ အမေရိကန်တက္ကသိုလ်တွေက ပိုပြီးနှစ်သက်တယ်လို့ သိရပါတယ်။TOEFLကို UK၊ USA နဲ့Australiaအပါအဝင် နိုင်ငံပေါင်း 130 မှ တက္ကသိုလ်ပေါင်း 8,500 ကျော်က လက်ခံထားပြီး ကမ္ဘာ့ထိပ်တန်း တက္ကသိုလ်100 လုံးကလည်း လက်ခံထားပါတယ်။
IELTSနဲ့TOEFLကိုဘယ်လိုရွေးချယ်ဖြေဆိုသင့်လဲ?
ဒီဟာကိုတော့ ကိုယ်က ဘယ်ကျောင်းလျှောက်ချင်တာလဲ။ဘယ်နိုင်ငံကကျောင်းကိုလျှောက်မှာလဲ။ ကိုယ်လျှောက်မယ့်ကျောင်းက ဘယ်လက်မှတ်တောင်းတာလဲဆိုတဲ့ အချက်တွေအပြင် ကိုယ်က British English အားသန်တာလား ဒါမှမဟုတ် American Englishအားသန်တာလား စတဲ့အချက်တွေကိုပါထည့်သွင်းစဥ်းစားဖို့လိုပါတယ်။ ကိုယ်က American Englishလည်းအားသန်တယ် ကိုယ်လျှောက်ချင်တဲ့ကျောင်းကလည်း US ဒါမှမဟုတ် Canada ကကျောင်းတွေဆိုရင်တော့ TOEFL ရွေးချယ်ဖြေဆိုတာကလည်းအားသာချက်တစ်ခုဖြစ်လာမှာပါ။IELTSနဲ့TOEFLမှာဘယ်ဟာကပိုကောင်းတယ်ဆိုတာမရှိတာကြောင့်မလို့ ကိုယ်ဖြေဆိုချင်တဲ့Typeကိုဖြေဆိုလို့ရပါတယ်။
IELTS နဲ့ TOEFL နှစ်မျိုးလုံးက Thinking ပိုင်းနဲ့ Problem Solvingပိုင်းတွေကို နှစ်သက်ကြပါတယ်။ TOEFLမှာအဓိကအားဖြင့်MultipleChoiceဖြစ်တာကြောင့်ဖြေဆိုသူတွေအနေနဲ့အဖြေရွေးချယ်မှုအပေါ်မှာကွာခြားချက်တွေကိုချိန်ဆဖို့အတွက် ခွဲခြမ်းစိတ်ဖြာတွေးခေါ်နိုင်ဖို့လိုအပ်ပါတယ်။ IELTS မှာတော့ ဖြေဆိုသူတွေကကွဲပြားခြားနားတဲ့မေးခွန်းပုံစံတွေကိုဖြေဆိုရမှာဖြစ်လို့Memoryကိုပိုပြီးအသုံးပြုရမှာဖြစ်ပါတယ်။ကျယ်ပြန့်တဲ့မေးခွန်းပုံစံတွေအပေါ်မှာ ကိုယ့်ရဲ့နားလည်မှုစွမ်းရည်နဲ့ဖြေဆိုရမှာဖြစ်ပါတယ်။
အသက်ကန့်သတ်ချက်ရှိလား?ဘယ်အရွယ်ကစပြီးဖြေလို့ရလဲ?
IELTS နဲ့ TOEFL နှစ်ခုလုံးအတွက် သတ်မှတ်ထားတဲ့ အသက်ကန့်သတ်ချက်တော့မရှိပါဘူး။ ဘယ်အရွယ်မဆိုဖြေလို့ရတယ်ဆိုပေမယ့် 16နှစ်နဲ့အထက်မှဖြေဆိုဖို့ Recommendလုပ်ထားပါတယ်။
IELTS မှာ Academic IELTS နဲ့ General Training IELTSဆိုပြီး နှစ်မျိုးရှိပါတယ်။
Academic IELTS ကEnglish Speaking Countriesတွေမှာ ကျောင်းတက်ဘွဲ့ယူမယ့်သူတွေအတွက်သင့်တော်ပါတယ်။
General Training IELTSကတော့ English Speaking Countriesတွေမှာအလုပ်သွားလုပ်မယ့်သူ Work Purposeအတွက်သွားမယ့်သူတွေအတွက်သင့်တော်ပါတယ်။
IELTSဖြေဆိုရာမှာ Paper Based ဒါမှမဟုတ် Computer Based နှစ်သက်ရာတစ်မျိုးမျိုးနဲ့ဖြေဆိုလို့ရပါတယ်။
TOEFLမှာကတော့ paper version (PBT - Paper-based Test), computer-based (CBT - Computer-based Test) နဲ့ online version (iBT - Internet-based Test)ဆိုပြီးသုံးမျိုးရှိပါတယ်။
PBT typeကို အင်တာနက်မရတဲ့နေရာတွေမှာသာဖြေဆိုရပြီး အင်တာနက်ရှိတဲ့နေရာတွေမှတော့iBT typeကိုဖြေဆိုရပါတယ်။ ဖြေဆိုသူတွေဟာ Computer Basedထက် online versionကိုပိုပြီးဖြေကြပါတယ်။
Question Typesတွေဘယ်လိုရှိလဲ?
TOEFL မေးခွန်းတွေဟာ Multiple Choice Questionsတွေဖြစ်ပြီး IELTS မွေးခွန်းတွေမှာတော့ short answer, gap-filling နဲ့ short essay tasks တွေလိုမျိုး မေးခွန်းပုံစံအမျိုးမျိုးကိုဖြေဆိုရမှာဖြစ်ပါတယ်။
Exam Structure of IELTS & TOEFL
Speaking
IELTSမှာSpeaking ပိုင်းကို Examinerနဲ့ Face to Faceဖြေဆိုရမှာဖြစ်ပြီး TOEFLမှာတော့ Speakingပိုင်းကို Face to Face မဟုတ်ဘဲ ပေးထားတဲ့မေးခွန်းတွေကို Microphone နဲ့အသံသွင်းဖြေဆိုရမှာဖြစ်ပါတယ်။ IELTSမှာတော့ Accentsအမျိုးမျိုးနဲ့မေးနိုင်ပြီး TOEFL speakingမှာတော့ American Accentတစ်မျိုးတည်းနဲ့သာ ပြောကြားရမှာဖြစ်ပါတယ်။
Writing
IELTSနဲ့ TOEFLနှစ်မျိုးလုံးရဲ့ Writingဖြေဆိုရာမှာ Sectionနှစ်ခုစီရှိပါတယ်။IELTSမှာဆိုရင် ပေးထားတဲ့ Chart တွေ Tableတွေကိုကြည့်ပြီးအချက်အလက်တွေပြန်ရေးပေးရတဲ့ Report Writing နဲ့ စကားလုံး 200-250-250 ရှိတဲ့ Essay Writing ပုံစံတို့ဖြစ်ပါတယ်။TOEFLရဲ့ Writing ဖြေဆိုရာမှာတော့ စကားလုံး300-350 ရှိတဲ့ Five Paragraph Essayနဲ့ စာပိုဒ်တွေဖတ်Lectureတွေနားထောင်ပြီး ရေးသားရတာတို့ဖြစ်ပါတယ်။
Reading
နှစ်ခုလုံးရဲ့ Reading Testsတွေကဆင်တူပါတယ်။
TOEFL Reading Testမှာ Multiple Choice Questionsတွေဖြစ်တာမလို့ ဖြေဆိုသူတွေကကိုယ်ဖတ်လိုက်တဲ့စာအပေါ်နားလည်ကြောင်းကိုလိုက်ပြီးရွေးချယ်ဖြေဆိုရမှာဖြစ်ပါတယ်။
IELTSရဲ့Readingမှာတော့ ကိုယ့်ရဲ့ကျယ်ပြန့်တဲ့ စာဖတ်စွမ်းရည်ကို စမ်းသပ်ဖို့ ထုတ်ထားတဲ့ မေးခွန်း ၄၀ ပါဝင်မှာဖြစ်ပြီးအတိုချုံးဖတ်ခြင်း၊ အဓိက အတွေးအမြင်တွေကို ဖတ်ရှုခြင်း၊ အသေးစိတ်အတွက် ဖတ်ရှုခြင်း၊စာရေးဆရာရဲ့ထင်မြင်ချက်ယူဆချက်တွေအပြင်အခြားအကြောင်းအရာမေးခွန်းအမျိုးမျိုးလာနိုင်ပါတယ်။
Listening
TOEFL listening test မှာစာပေအကြောင်းအချင်းချင်းပြောကြားတာ၊တက္ကသိုလ် ဟောပြောပွဲတွေ ဒါမှမဟုတ် တက္ကသိုလ် ကျောင်းဝင်းအတွင်း စကားဝိုင်းတွေက ကောက်နုတ်ချက်တွေကို နားထောင်ပြီး နားထောင်နေစဥ်အတွင်းNoteလိုက်မှတ်ပြီးနောက် Multiple Choice Questionsတွေ ဖြေဆိုရမှာဖြစ်ပါတယ်။
IELTS listening taskမှာတော့ Accentအမျိုးမျိုးကြားရနိုင်ပြီး မတူညီတဲ့ Question Typesအမျိုးမျိုးကို နားထောင်နေစဥ်အတွင်းဖြေဆိုသွားရမှာဖြစ်ပါတယ်။
TOEFLကို 4နာရီခန့်ကြာဖြေဆိုရမှာဖြစ်ပြီး IELTSကို 3နာရီခန့်ကြာဖြေဆိုရမှာဖြစ်ပါတယ်။
IELTS နဲ့ TOEFLရဲ့ band scoreကို နှိုင်းယှဥ်ကြည့်မယ်ဆိုရင်:
IELTS....... ...0 to 9
TOEFL iBT ..0 to 120
ဆိုပြီးMaximumသတ်မှတ်ထားပါတယ်။
စာမေးပွဲရလဒ်ဘယ်အချိန်သိရမှာလဲ?
IELTSဆို ဖြေပြီး13ရက်အကြာမှာသိရမှာဖြစ်ပြီး TOEFL iBTဆိုရင်ဖြေဆိုပြီး 1ပတ် /10ရက်အကြာမှာသိရမှာဖြစ်ပါတယ်။
စာမေးပွဲစစ်ဆေးတဲ့ကာလကတော့
IELTSရောTOEFLရော တစ်နှစ်ပတ်လုံးစစ်ဆေးနေမှာဖြစ်ပြီး ကိုယ်အဆင်သင့်ဖြစ်တဲ့အချိန်ဝင်ဖြေဆိုလို့ရပါတယ်။
Exam Feeဘယ်လောက်ပေးရမှာလဲ?
IELTSအတွက်ကတော့ $225 ဝန်းကျင်ဖြစ်ပြီး
TOEFLအတွက်ကတော့ $210 ဝန်းကျင်ဖြစ်ပါတယ်။ IELTS Exam Feeက အမြဲပြောင်းလဲနေပြီး နှစ်မျိုးစလုံးရဲ့ Feeက ဒေါ်လာတန်ဖိုးနဲ့လိုက်ပြီးပြောင်းလဲနိုင်ပါတယ်။
IELTSကိုဘယ်နေရာတွေမှာဖြေဆိုလို့ရလဲ?
IELTSကို British Council(YGN & Mandalay)နဲ့ Chindwin စတဲ့ Test Centerတွေမှာသွားရောက်ဖြေဆိုလို့ရပါတယ်။
TOEFLကိုဘယ်နေရာတွေမှာဖြေဆိုလို့ရလဲ?
TOEFL iBT ကိုတော့ Home Edition နဲ့ Test Center တွေမှာဖြေလို့ရပါတယ်။Home Editionဖြေမယ့်သူတွေဟာ Computer နဲ့ဖြေရမှာဖြစ်လို့ Softwareတွေသွင်းဖို့လိုတာတွေအပြင် ကိုယ်ဖြေမယ့်Roomကို သေချာပြင်ဆင်ထားဖို့လိုပါတယ်။ကိုယ်ဖြေနေတဲ့အချိန် Online Proctorတစ်ယောက်ကစောင့်ကြည့်နေမှာဖြစ်ပါတယ်။Test Centerမှာဖြေဆိုမယ့်သူတွေကတော့Test Centerများစွာရှိတာမလို့ ကိုယ်အဆင်ပြေတဲ့ Test Centerမှာဝင်ရောက်ဖြေဆိုလို့ရပြီး Test Centerဘက်ကဘဲလိုအပ်တာတွေအကုန်စီစဥ်ပေးထားမှာဖြစ်ပါတယ်။
IELTSရော TOEFLရောဖြေဆိုတော့မယ်ဆိုရင် သက်ဆိုင်ရာLinkတွေကနေတစ်ဆင့် Registration ကြိုတင်လုပ်ထားဖို့တော့လိုပါတယ်။