GED ဖြေဖို့ ဘာတွေပြင်ဆင်ကြမလဲ❔

GED Test ဖြေဖို့ ဘာတွေ လိုအပ်မလဲ သိချင်သူတွေအတွက် ဒီနေ့ပြောပြပေးမဲ့ အကြောင်းအရာလေးတွေက အထောက်အကူဖြစ်စေမှာပါ…. 📌 GED ​ဖြေမယ်ဆိုရင် ပထဦးဆုံး English Intermediate Level လောက်ရှိထားဖို့ လိုအပ်ပါတယ်။ Science Subject တွေလည်း ပါဝင်တာဖြစ်လို့ ၉တန်း ၁၀တန်းစာနဲ့ ရင်းနှီးထားရင် ပိုကောင်းပါတယ်။ 📌 စာလေ့လာမယ်ဆိုရင်တော့ Self-Study လုပ်လို့ရသလို Online Class တွေနဲ့လည်း လေ့လာနိုင်ပါတယ်။ Self-Study လေ့လာရင် ပြင်ဆင်ချိန်က 4-6 လအတွင်းကြာမြင့်နိုင်ပြီး ကောင်းမွန်တဲ့ Study Plan လည်း ရှိဖို့ လိုပါတယ်။ 📌 စာမေးပွဲဖြေဆိုတဲ့အခါမှာ Test Centre တွေမှာ Online ကနေတဆင့် ဖြေဆိုနိုင် ပါတယ်။ 📌 Exam Fees အနေနဲ့ကတော့ တစ်ဘာသာ $80 ကျသင့်မှာဖြစ်ပြီး ဘာသာရပ်လေးခု ဆိုရင် $320 ကျသင့်မှာပါ။ လိုချင်တဲ့ ရလဒ်မရဘဲ အချိန်ကုန်၊ ငွေကုန်ဖြစ်မှာ စိတ်ပူသူတွေအတွက် Official Practice Test လေး​အရင်ဖြေထားဖို့ အကြံပြုချင်ပါတယ်။ https://ged.com/study/ged_ready/ 📌 အသက်ကန့်သတ်ချက်အနေနဲ့ကတော့ ၁၈နှစ်ပြည့်ပြီးသူဖြစ်ရပါမယ်။ ၁၈နှစ်အောက် ဖြေဆိုသူတွေအနေနဲ့ အနည်းဆုံး အသက် ၁၆နှစ် ရှိရမှာဖြစ်ပြီး မဖြေဆိုခင် Age Exception Waiver Form ကို မိဘ (သို့) အုပ်ထိန်းသူတစ်ဦးက လက်မှတ်ရေးထိုးပြီး help@ged.com ကိုပေးပို့ဖို့လိုအပ်ပါတယ်။ 📌 ဆယ့်နှစ်တန်းပညာရေးစနစ်ဖြစ်တာကြောင့် ဆယ့်နှစ်တန်းပညာရေး မပြီးဆုံး သေးတဲ့သူတွေအားလုံး ဝင်ရောက်ဖြေဆိုခွင့် ရှိပါတယ်။ 📌 အရေးကြီးဆုံး အချက်အနေနဲ့ကတော့ ကျက်မှတ်တာတွေကိုဖြေဆိုရတာမဟုတ်ဘဲ ကိုယ့်ရဲ့ နားလည်နိုင်စွမ်းနဲ့ ခွဲခြမ်းစိတ်ဖြာပြီး ကောက်ချက်ချနိုင်စွမ်းတွေကို စစ်ဆေးမှာ ဖြစ်တဲ့အကြောင်း ထပ်လောင်းအသိပေး လိုပါတယ်။ GED ဖြေဖို့အတွက် သိသင့်သိထိုက်တဲ့ အကြောင်းအရာမအချို့ကို ဝေမျှပေးသွားတာ ဖြစ်ပါတယ်။