GED ရဲ့ Social Studies အကြောင်း ဘယ်လောက်သိပြီးပြီလဲ ?

GED လို့ပြောလိုက်ရင် အဓိကဘာသာရပ် လေးခုရှိတာ အားလုံးလည်း သိကြမယ် ထင်ပါတယ်။ ဒီထဲကမှ Social Studies ဆိုတဲ့ ဘာသာရပ်နဲ့ ပတ်သတ်ပြီး သိသင့်သိထိုက်တာ လေးတွေကို မျှဝေပေးသွားမှာပါ…

Social Studies မှာတော့ အဓိကအားဖြင့်
  1. Civics and Government
  2. US History
  3. Economics
  4. Geography and the World ဆိုပြီး အကြောင်းအရာ ၄ခုပါဝင်ပါတယ်။

Civics and Government (50%)
ဒီခေါင်းစဉ်အောက်မှာဆိုရင် ခေတ်သစ် အစိုးရနဲ့ ရှေးဟောင်းအုပ်ချုပ်မှုအကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အစိုးရများအကြောင်း၊ အမေရိကန်အစိုးရ အုပ်ချုပ်ပုံအဆင့်ဆင့်၊ ရွေးကောက်ပွဲစနစ်၊ နိုင်ငံသားတစ်ယောက်ရဲ့ အခန်းကဏ္ဍ စတာတွေကို လေ့လာရမှာပါ။

US History (20%)
US History မှာဆိုရင် ကိုလိုနီစနစ်အကြောင်း၊ ပြည်တွင်းစစ်အဖြစ်စတင်ခဲ့တဲ့ အမေရိကန် တော်လှန်ရေးအကြောင်း၊ ပြန်လည် တည်ဆောက်ရေးလုပ်ငန်းစဉ်များနဲ့ ခေတ်သစ် စက်မှုထွန်းကားရေး၊ စစ်အေးခေတ်နဲ့ တန်းတူအခွင့်အရေးဆိုင်ရာ လှုပ်ရှားမှုများ စတဲ့အကြောင်းအရာတွေ ပါဝင်ပါတယ်။

Economics (15%)
ဘောဂဗေဒရဲ့ အခြေခံသဘောတရားနဲ့ နည်းစနစ်များ၊ အစိုးရ၊ အလုပ်သမား၊ စားသုံးသူများနဲ့ သက်ဆိုင်တဲ့ စီးပွားရေးဆိုင်ရာ ကိစ္စရပ်တွေကို သင်ယူရမှာပါ။

Geography and the World (15%)
ကမ္ဘာ့သမိုင်းနဲ့ဆိုင်တဲ့ အဓိကအကြောင်းအရာ တွေအပြင် အရင်းအမြစ်တွေနဲ့ သဘာဝ ပတ်ဝန်းကျင်အကြောင်း၊ လူမှုဆက်ဆံရေး အကြောင်း စတာတွေကို လေ့လာရမှာ ဖြစ်ပါတယ်။

Social Studies မှာပါဝင်တဲ့ အကြောင်းအရာတွေကို အသေးစိတ် ရှင်းပြပြီးတော့ ဖြေဆိုရမဲ့ပုံစံနဲ့ ပတ်သက်ပြီး ပြောပြပေးမှာပါ။ ဖြေဆိုချိန်က ၇၀မိနစ် ဖြစ်ပြီးတော့ မေးခွန်း ၃၅ခု ပါဝင်ပါတယ်။ ရမှတ် ၂၀၀မှာ ၁၄၅မှတ် ရရင် စာမေးပွဲ အောင်မြင်မှာပါ။ Computer - based Question Format မှာတော့ Multiple-Choice, Fill in the blank, Drop-Down, Hot-Spot, Drag and Drop ဆိုပြီး ပုံစံငါးမျိုး ပါဝင်ပါတယ်။

မေးခွန်းတွေကို ဖြေဆိုတဲ့အခါ Central Ideas, Inferences, Hypotheses, Conclusions စတာတွေအပြင် Social Studies နဲ့ သက်ဆိုင်တဲ့ စကားလုံး၊ အဖြစ်အပျက်နဲ့ စာပိုဒ်တွေအပေါ်မှာ ဝေဖန်ပိုင်းခြားပြီး ဖြေဆိုရပါတယ်။ စာရေးသူရဲ့ရှုထောင့်ကနေ ခွဲခြမ်းစိတ်ဖြာဖြေဆိုဖို့လိုသလို ပါဝင်တဲ့ အကြောင်းအရာရဲ့ ကျိုးကြောင်းဆီလျော်မှု၊ အထောက်အထားတွေကို ဝေဖန်အကဲဖြတ် ရမှာလည်းဖြစ်ပါတယ်။ Data, Graphs, Charts စတာတွေလည်း ပါဝင်ပါတယ်။