၁၀တန်းမအောင်လည်း GED ရှိရင် နိုင်ငံခြားမှာ ကျောင်းတက်လို့ရနေပြီ

နိုင်ငံခြားမှာ ကျောင်းတက်ချင်ပေမဲ့ အထက်တန်း အောင်လက်မှတ်မရှိလို့ အဆင်ပြေပါ့မလားဆိုပြီး စိတ်ပူနေသူတွေ အတွက် ဒီတစ်ခေါက်မှာ GED အကြောင်းပြောပြပေးမှာပါ။ အသေးစိတ်ကိုတော့ မေးခွန်းလေးတွေနဲ့ ​ရှင်းပြပေးသွားပါမယ်… 👇 🤷‍♀️ GED ဆိုတာဘာလဲ? GED ဆိုတာ General Educational Development test တစ်ခု ဖြစ်ပြီးတော့ Mathematics, Social Studies, Science, Language Arts ဆိုပြီး အဓိကဘာသာရပ် ၄ ခု ပါဝင်ပါတယ်။ 💁 ဒါဆိုရင် ဘယ်လိုလူတွေတက်သင့်လဲ? GED Certificate ဟာ အထက်တန်း အောင်လက်မှတ်နဲ့ ညီမျှတာကြောင့် အထက်တန်းပညာရေးကို မပြီးဆုံး သေးတဲ့သူတွေ ​တက်ရောက်သင့်ပါတယ်။ 🕵️‍♀️ ဘယ်လိုလေ့လာရမလဲ။ သက်ဆိုင်ရာ GED Class တွေကနေလေ့လာ နိုင်သလို Self Study လုပ်လို့လည်း ရပါတယ်။ Self Study လေ့လာမယ်ဆိုရင် ပြင်ဆင်ချိန်က တော့ 3-4 လ ကြာမြင့်နိုင်မှာဖြစ်ပြီး Study Plan လေးဆွဲထားဖို့လိုအပ်ပါတယ်။ 🤔 Test ဖြေဖို့အတွက် ကန့်သတ်ချက်တွေ ရှိလား? 👉 လက်ရှိ ကျောင်းတက်နေတဲ့သူ မဟုတ်ရပါဘူး။ 👉 အထက်တန်းမအောင်မြင်သေးတဲ့သူ ဖြစ်ရပါမယ်။ 👉 အနည်းဆုံး အသက် ၁၈ နှစ်ရှိရမှာဖြစ်ပြီး တချို့နေရာတွေမှာတော့ ချွင်းချက်အနေနဲ့ ၁၆၊ ၁၇ နှစ်ကိုလည်း ဖြေဆိုဖို့ ခွင့်ပြုပါတယ်။ 👉 ဒေသအလိုက် သတ်မှတ်ချက်တွေ ကွဲတာဖြစ်လို့ ကိုယ်ဖြေမဲ့ဒေသက သတ်မှတ် ထားတာတွေကို စုံစမ်းထားဖို့ လိုအပ်ပါတယ်။ 🤷‍♂️ ဘယ်လိုစာမေးပွဲဖြေရမှာလဲ ပြီးတော့ အမှတ်ဘယ်လောက်ရဖို့လိုအပ်လဲ❔ 🔸ဘာသာရပ် ၄ ခုအလိုက် သီးခြားစာမေးပွဲ တွေရှိပါတယ်။ 🔸အလွတ်ကျက်ဖြေရတာမဟုတ်လို့ ကိုယ့်ရဲ့ နားလည်နိုင်စွမ်း၊ ခွဲခြမ်းစိတ်ဖြာပြီး ကောက်ချက်ချနိုင်စွမ်းတွေနဲ့ ပတ်သက်ပြီး လေ့လာမှုပြုလုပ်ပါ။ 🔸ပွဲမဝင်ခင်၊ ပြင်ကကျင်းပ ဆိုသလို အစမ်းစာမေးပွဲ ဖြေဆိုထားတာ ပိုကောင်းပါတယ်။ Official Practice Test ကို ဒီ link ကနေ ဖြေလို့ရပါတယ်။ https://ged.com/study/ged_ready/ 🔸Online ကနေတဆင့် စာမေးပွဲအတွက် အချိန်တွေ ကြိုပြင်ဆင်ထားလို့ရပါတယ်။ ဘာသာရပ် ၄ခုရဲ့ စာမေးပွဲတွေကို တစ်ခါ တည်း အပြီးဖြေလို့ရသလို တစ်ခုစီလည်း ခွဲဖြေနိုင်ပါတယ်။ 🔸အရင်ကတော့ offline ဖြေဆိုရတာဖြစ်ပြီး May 2020 ကစပြီး online test ကို စတင်ပြုလုပ်ခဲ့ပါတယ်။ အောက်က link ကနေ ဝင်ရောက်ဖြေဆိုလို့ ရပါတယ်။ 👇 https://ged.com/take-the-ged-test-online/ 🔸အမှတ်ကိုတော့ ၁၀၀ ကနေ ၂၀၀ အတွင်း ပေးပါတယ်။ 🔸စာမေးပွဲအောင်မြင်ဖို့ဆိုရင် ဘာသာရပ် တိုင်းကို အနည်းဆုံး ၁၄၅ မှတ်ရရှိဖို့ လိုအပ်ပါတယ်။ 🔸၁၆၅-၁၇၄ မှတ်အတွင်းမှာရှိရင်တော့ ကောလိပ်တက်ဖို့အတွက် အဆင်ပြေပါတယ်။ တချို့တက္ကသိုလ်တွေမှာဆိုရင် ရမှတ်အပေါ် မူတည်ပြီး ဝင်ခွင့်စာမေးပွဲ စတာမျိုးတွေကို ကင်းလွတ်ခွင့်ပေးပါတယ်။ 🔸အမှတ် ၁၇၅ ကနေ ၂၀၀ အတွင်း ရရှိရင်တော့ ဝင်ခွင့်ဖြေစရာမလိုပဲ ကောလိပ် တက်ရောက်ခွင့်ရရှိမှာဖြစ်ပါတယ်။ 🔸တချို့သော အကျိုးခံစားခွင့်တွေက သက်ဆိုင်ရာ ကောလိပ်အပေါ်မှာ မူတည်ပါတယ်။ 💸 စာမေးပွဲဖြေဖို့ ဘယ်လောက်ကုန်ကျမလဲ။ Test Centre မှာဖြေမယ်ဆိုရင် ဒေသအလိုက် ဘာသာရပ်တစ်ခုချင်းစီကို $3.75 ကနေ $40 အထိ ကျသင့်နိုင်ပြီး Online Test ဆိုရင်တော့ $3.75 - $44 အတွင်းကျသင့်နိုင်ပါတယ်။ 🇨🇷 GED နဲ့ ထိုင်းမှာ ကျောင်းတက်လို့ ရနိုင်လား။ Chulalongkorn University, Thammasat University, Mahidol University စတဲ့ တက္ကသိုလ်တွေ အပါအဝင် ထိုင်းနိုင်ငံရဲ့ တခြားသော ကောလိပ်တွေနဲ့ တက္ကသိုလ်တွေကလည်း GED အမှတ်ကို လက်ခံပါတယ်။ 🤔 GED နဲ့ SAT ဘာကွာလဲ❔ 🔹GED မှာတော့ အဓိကဘာသာရပ် ၄ ခုရှိပြီး SAT မှာတော့ Maths, Reading နဲ့ Writing ဆိုပြီး အပိုင်း ၃ ပိုင်းရှိပါတယ်။ Essay ကတော့ တက္ကသိုလ်ရဲ့သတ်မှတ်ချက်အပေါ် မူတည်ပြီး ဖြေပေးရပါတယ်။ 🔹အမှတ်အနေနဲ့ကတော့ ဘာသာရပ် တစ်ခုချင်းစီကို GED မှာ ၁၀၀-၂၀၀ အတွင်းပေးပြီးတော့ SAT မှာတော့ ၂၀၀-၈၀၀ အတွင်းသတ်မှတ်ထားပါတယ်။ 🔹GED Test ကိုတော့ အထက်တန်းပညာရေး မပြီးဆုံးတဲ့သူတွေ၊ အထက်တန်းအောင်မြင် ခြင်းမရှိသူတွေ ဖြေဆိုကြပါတယ်။ SAT ကတော့ အထက်တန်းကျောင်းသားတိုင်း ဖြေလို့ရပေမဲ့ များသောအားဖြင့် တက္ကသိုလ်တက်မဲ့ ကျောင်းသားတွေက ဖြေဆိုကြပြီး တစ်နည်းပြောရရင် တက္ကသိုလ်ရဲ့ သတ်မှတ်ချက်​အပေါ်မူတည်ပြီး ဖြေဆိုရတဲ့ စာမေးပွဲလို့ပြောနိုင်ပါတယ်။ ဒီနေ့မှာတော့ GED အကြောင်း အနည်းငယ် ဗဟုတရသွားမယ်လို့ မျှော်လင့်ပါတယ်။